လူနာများ ရပိုင်ခွင့်နှင့် တာဝန်များဆိုင်ရာ စည်းမျဉ်းဥပဒေ

Pennsylvania ကျန်းမာရေး စောင့်ရှောက်ဌာန (UPHS) တက္ကသိုလ်အတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်လုပ်ဆောင်ချက်တစ်ရပ်အဖြစ် သင်၏နေထိုင်ကုသမှုကို အတတ်နိုင်ဆုံး စိတ်ချမ်းသာမှုရှိစေရန်အတွက် ကျွန်ုပ်တို့၏ လူနာဖြစ်သည့် သင့်ကို ကောင်းမွန်သည့် ဆေးဝါး စောင့်ရှောက်မှုပေးအပ်ရန် ကတိပြုထားပါသည်။ ဤဌာနရှိ စီမံကြီးကြပ်ရေးအဖွဲ့နှင့် ဝန်ထမ်းများမှ ပြဋ္ဌာန်းအတည်ပြုထားသည့် အောက်ပါ “လူနာ အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်" သည် လူနာအားလုံးသို့ အကျုံးဝင် ကျင့်သုံးထားပါသည်။ ဤအခွင့်အရေးများကို သင်ကိုယ်တိုင်အတွက် ကျင့်သုံးမှုမပြုနိုင်သည့်အခါမျိုးတွင် အဆိုပါ အခွင့်အရေးများသည် သင်၏ ရွေးချယ်သတ်မှတ်ထားသည့် တရားဝင် ခွင့်ပြုထားသော ကိုယ်စားလှယ်များအတွက် ကျင့်သုံးပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် ကျွန်ုပ်တို့၏ စွမ်းရည်၊ မက်ရှင်လုပ်ဆောင်ချက်နှင့် သဘောထား ခံယူချက်တို့အတွင်း ထိရောက်မှုရှိပြီး အရေးထားမှုရှိသည့် ဆေးဝါးကုသစောင့်ရှောက်မှု ပေးအပ်နိုင်စေရန်ဖြစ်သည့်အတွက် ဤအချက်များကို ကျွန်ုပ်တို့၏ မူဝါဒ ထုတ်ပြန်ချက်တစ်ရပ်အဖြစ် သင့်ထံသို့ တင်ပြအပ်ပါသည်။ 

 လူနာ အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက် 

 သင်ဆေးရုံတက်နေစဉ်ကာလတလျှောက် ဖြစ်နိုင်သလောက် အစောဆုံးအချိန်၌ သင် သို့မဟုတ် သင့်လျော်ပါက သင်မှ သတ်မှတ်ပေးထားသော/ဥပဒေအရ အခွင့်အာဏာပေးထားသော ကိုယ်စားလှယ်သည် သင်၏အခွင့်အရေးများအကြောင်း အသိပေးခံရပိုင်ခွင့်ရှိပါသည်။ 

 သင့်ယဉ်ကျေးမှုနှင့် ကိုယ်ရေးသီးခြား တန်းဖိုးများနှင့် ယုံကြည်ကိုးကွယ်မှုစနစ်ဆိုင်ရာ အချက်အလက်များကို ထင်ဟပ်မှုရှိပြီး သင်၏ စိတ်ချမ်းသာမှုနှင့် ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးသည့် ကျွမ်းကျင်ပုဂ္ဂိုလ်များမှ ပေးအပ်သော အလေးထား စောင့်ရှောက်မှု လက်ခံရယူခွင့်ရှိပါသည်။ 

 သင်ဆေးရုံတက်ရကြောင်းကို သင့်စိတ်ကြိုက် မိသားစုဝင် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးနှင့် သင့်ကိုယ်ပိုင် သမားတော်တစ်ဦးတို့ထံ ချက်ချင်းအသိပေးပိုင်ခွင့်ရှိပါသည်။  

 သင်၏စောင့်ရှောက်မှုတွင် တိုက်ရိုက်လုပ်ဆောင်နေသည့် သင် ကုသမှုခံယူနေသော ဆရာဝန်၏ အမည်များ၊ အခြား ဆရာဝန် (သို့) ဆေးဆရာဝန်အားလုံး၏ အမည်များနှင့် သင်နှင့်တိုက်ရိုက် ဆက်သွယ်နေသည့် အခြားသော ကျန်းမာရေး စောင့်ရှောက်ပေးသူများ၏ အမည်များနှင့် ကဏ္ဍများကို မေတ္တာရပ်ခံ တောင်းခံချက်အပေါ်မူတည်၍

ပးပိုင်ခွင့်ရှိပါသည်။

 သင့်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်နှင့်ပါတ်သက်သည့် ထည့်သွင်းစဉ်းစားရမည့် သီးသန့်ဖြစ်မှုတိုင်းအတွက် ရပိုင်ခွင့်ရှိပါသည်။ ရောဂါဆိုင်ရော ဆွေးနွေးခြင်း၊ တိုင်ပင် ဆွေးနွေးခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့် ကုသခြင်းတို့ကို စောင့်စည်းအပ်မှုအဖြစ် ထည့်သွင်းစဉ်းစားပြီး ကျိုးကြောင်းသင့်လျော်သည့် မြင်နိုင်ကြားနိုင်သော သီးသန့်ဖြစ်မှု ရရှိနိုင်သည့်အခါ ပေးအပ်လျှက် သိုသိပ်မှုရှိစွာ လုပ်ဆောင်ပါသည်။ ဤအချက်တွင် ကိုယ်ခန္ဓာ ရောဂါစစ်ဆေးမှုများ၊ ကုသမှုများ (သို့) လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေစဉ် ရောဂါ ရှာဖွေစစ်ဆေးမှု လုပ်ငန်းစဉ်များ (သို့) ကုသမှုတို့တွင် နှောင့်ယှက်မှု မပြုလုပ်သ၍ မေတ္တာရပ်ခံ တောင်းဆိုထားသည့်အခါ တစ်စုံတစ်ယောက် အတူပါရှိလာခွင့် ပါဝင်ပါသည်။ ဤအချက်တွင် အခန်းမှ အခြားလူနာ (သို့) ဧည့်သည်တစ်ဦးသည် သင့်ကို မတော်မတရား နှောင့်ယှက်နေပြီး သင့်စောင့်ရှောက်မှုအတွက် အလားတူ သင့်လျော်သည့် အခြားအခန်းရရှိနိုင်လျှင် အခန်း ပြောင်းရွှေ့မှု တောင်းဆိုပိုင်ခွင့်လည်း ပါဝင်ပါသည်။ 

 ဥပဒေနှင့် ကြားခံအဖွဲ့ စာချုပ်စာတမ်းဆိုင်ရာ စီမံလုပ်ဆောင်ချက်များမှ ဖော်ပြထားသော်လည်း စောင့်စည်းအပ်မှု ခြွင်းချက်အဖြစ် မှတ်ယူထားသည့် သင်၏ ဆေးဝါး စောင့်ရှောက်မှုနှင့်ပါတ်သက်သော မှတ်တမ်းများအပါအဝင် အချက်အလက်အားလုံး ရရှိပိုင်ခွင့်ရှိပါသည်။ 

 လူနာတစ်ဦးအဖြစ် ဆက်ဆံလုပ်ဆောင်မှုဆိုင်ရာ ဆေးရုံမှ မူဝါဒများ၊ စည်းမျဉ်းများနှင့် ထိန်းချုပ်ချက်များကို သိရှိပိုင်ခွင့်ရှိပါသည်။ 

 မလိုလားအပ်သည့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ပေးမည့် အရေးပေါ် လုပ်ထုံးလုပ်နည်းများ မျှော်လင့်ရရှိပိုင်ခွင့်ရှိပါသည်။ 

စဉ်ဆက်မပြတ် ထိန်းသိမ်းသုံးသပ်နေသည့် အရည်အသွေး ကောင်းမွန်သော စောင့်ရှောက်မှုနှင့် အဆင့်မြင့် စံညွှန်းများ ရရှိပိုင်ခွင့်ရှိပါသည်။ 

 အခြား ကုသထုံးများနှင့် ဖြစ်နိုင်ခြေ နောက်ဆက်တွဲ ပြဿနာများအကြောင်း သတင်းအချက်အလက်များ အပါအဝင် ရောဂါ ရှာဖွေစစ်ဆေးမှု၊ ဆေးဝါးကုသမှုနှင့် ရောဂါအလားအလာတို့နှင့်ပါတ်သက်သည့် အချက်အလက် အပြည့်အစုံတို့ကို သာမန်အရပ်သား နားလည်နိုင်သည့် ရှင်းလင်းဖော်ပြချက် ရရှိပိုင်ခွင့်ရှိပါသည်။ သင့်ကို ဖော်ပြရမည့် အချက်အလက်သည် ဆေးပညာအားဖြင့် မသင့်လျော်သည့်အခါ အချက်အလက်များကို သင်ရွေးချယ်သတ်မှတ်ထားသည့်/တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်ထံသို့ သင့်ကိုယ်စား ပေးအပ်ပါသည်။ အရေးပေါ် အခြေအနေများမှလွဲ၍ လုပ်ထုံးလုပ်နည်း (သို့) ကုသမှု (သို့) ၎င်းတို့နှစ်ခုစလုံး စတင်ရန်အတွက် ဆရာဝန်သည် လိုအပ်သည့် အသိပေးထားသော သဘောတူ ခွင့်ပြုချက်ကို ဦးစွာ ရယူရမည်ဖြစ်ပါသည်။ 

 သင် (သို့) သင်ရွေးချယ်သတ်မှတ်ထားသည့်/တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်သည် ပရိုဂရမ်တစ်ခုတွင် အမှန်တစ်ကယ် ပါဝင်လုပ်ဆောင်ရန် ရှေးဦးစွာ အသိပေး သဘောတူခွင့်ပြုမှုမရှိလျှင် စမ်းသပ်လေ့လာမှုများ၊ သုတေသန (သို့) အလှူရှင် ပရိုဂရမ် သို့မဟုတ် ပညာပေးလှုပ်ရှားမှု တစ်ခုခုတို့တွင်

ပါဝင်ပိုင်ခွင့်ရှိပါသည်။

သင် (သို့) သင်ရွေးချယ်သတ်မှတ်ထားသည့်/တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်သည် အသိပေး သဘောတူခွင့်ကို ယခင်က ပေးအပ်ထားသည့် ပရိုဂရမ်တစ်ခုခုတွင် ဆက်လက်ပါဝင်ရန် အချိန်မရွေး ငြင်းဆိုနိုင်ပါသည်။ သင် သို့မဟုတ် သင်ရွေးချယ်သတ်မှတ်ထားသည့်/ တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်သည် သဘောတူခွင့်ပြုချက် ပေးနိုင်စွမ်းမရှိပါက လေ့ကျင့် လုပ်ဆောင်သူသည် လူနာအား ဆေးဝါးသုတေသန ပရိုဂရမ် သို့မဟုတ် အလှူရှင် ပရိုဂရမ်အတွက် စဉ်းစားချိန်၌ တာဝန်ရှိသူအနေဖြင့် အကြံပြုခံရပိုင်ခွင့်ရှိပြီး ပရိုဂရမ်တွင်း အမှန်တကယ် ပါဝင်ခြင်းမပြုမီ သင် သို့မဟုတ် တာဝန်ရှိသူသည် အသိပေးသဘောတူခွင့်ပြုချက်  ပေးအပ်သင့်ပါသည်။ သင် သို့မဟုတ် တာဝန်ရှိသူသည် သင်မှ အသိပေးသဘောတူခွင့်ပြုချက် ပေးထားသည့် ပရိုဂရမ်အတွင်း ဆက်လက်ပါဝင်ခြင်း မပြုရန် ငြင်းဆိုနိုင်ပါသည်။ 

 ဆေးဝါး စောင့်ရှောက်မှု ခံယူရန် (သို့) ဥပဒေမှ ခွင့်ပြုထားသည့်အတိုင်း ဌာနမှ လုပ်ဆောင်နေသည့် ဆေးဝါးများ၊ ကုသမှု (သို့) လုပ်ထုံးလုပ်နည်း တစ်စုံတစ်ရာကို ငြင်းဆိုပိုခွင့်ရှိပြီး ယင်းကဲ့သို့ ငြင်းဆိုလိုက်ရာမှ နောက်ဆက်တွဲ ဆေးဝါး အကျိုးဆက်များကို ဆရာဝန်တစ်ဦးက အသိပေးမည်ဖြစ်သည်။ 

 သင်၏ တောင်းခံမှုနှင့် အကုန်အကျခံမှုတို့ဖြင့် အခြား ဆရာဝန်နှင့်အတူ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ရာတွင်

အကူအညီရရှိပိုင်ခွင့်ရှိပါသည်။ 

 သင့်အချိန်ကို ထိရောက်စွာအသုံးပြုပြီး ကိုယ်ရေး အဆင်မပြေမှု မရှိစေရန်ထည့်တွက်လျှက် ဤကျန်းမာရေး စောင့်ရှောက်မှုဌာနအတွင်း ပေးအပ်သွားမည့် ကောင်းမွန်သည့် စီမံလုပ်ဆောင်မှု နည်းစနစ်များ မျှော်လင့်ပိုင်ခွင့်ရှိပါသည်။ 

 ရောဂါရှာဖွေစစ်ဆေးပြီး သင့်ငွေတောင်းခံလွှာ၏ အသေးစိတ် အချက်အလက်များ ဖော်ပြချက်တစ်ရပ် ရရှိပိုင်ခွင့်ရှိပါသည်။ 

 သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် သိရှိထားသည့် ငွေကြေးရင်းမြစ်များ ရရှိနိုင်မှုနှင့်ပါတ်သက်သည့် အချက်အလက် အပြည့်အစုံနှင့် ဆွေးနွေးလမ်းညွှန်မှု ရရှိပိုင်ခွင့်ရှိပါသည်။ 

 ကျန်းမာရေး စောင့်ရှောက်ဌာနသည် ဆေးရုံဆင်းပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်လုပ်ဆောင်မှု ရပ်နားရန် လိုအပ်ချက်များနှင့် ၎င်းတို့နှင့် တွေ့ဆုံရန် ဆိုလိုချက်များကို သင့်အတွက် ဖော်ပြပေးမည့် ယန္တရားတစ်ခု ပေးအပ်သွားလိမ့်မည်ဟု မျှော်လင့်ပိုင်ခွင့်ရှိပါသည်။ 

 စောင့်ရှောက်မှု စိုးရိမ်ချက်များ၊ အကျုံးဝင်မှု ဆုံးဖြတ်ချက်များနှင့် သင်၏ ဆေးရုံဆင်းမှုနှင့်ပါတ်သက်သည့် စိုးရိမ်ချက် အခြေအနေတို့ကို ပြန်လည်သုံးသပ်ပိုင်ခွင့်ရှိပါသည်။ 

 သင့်ကိုယ်စား ကူညီလုပ်ဆောင်ရန် (သို့) ဤကဏ္ဍတွင်ပါရှိသည့် ရပိုင်ခွင့်အစုကို ကာကွယ်ရန်ခွင့်ပြုထားသော တသီးပုဂ္ဂလ (သို့) အေဂျင်စီအဖွဲ့တစ်ခု လက်ခံရရှိပိုင်ခွင့်ကို ငြင်းဆို၍ မရနိုင်ပါ။ 

 သင့်ရွေးချယ်မှုအရ မိသားစုဝင် (သို့) ကိုယ်စားလှယ်တစ်ဦးနှင့် သင်၏ ဆေးရုံတက်ရမှုကို ချက်ချင်း အသိပေးထားသည့် သင့်ဆရာဝန်ကို

ရရှိပိုင်ခွင့်ရှိပါသည်။ 

 အသက်အရွယ်၊ လိင်၊ လူမျိုး၊ အသားအရောင်၊ လူမျိုးစုဖြစ်တည်မှု၊ ဘာသာ၊ လိင်ကွဲပြားမှု၊ မသန်စွမ်းမှု၊ မျိုးရိုး၊ မူရင်း နိုင်ငံသား၊ အိမ်ဆောင်ရှိမရှိ၊ မိသားစု အခြေအနေ၊ မျိုးရိုးဗီဇ အချက်အလက်၊ လိင် အမှတ်အသား (သို့) ဖော်ပြချက်၊ လိင် တိမ်းညွတ်မှု၊ ယဉ်ကျေးမှု၊ အာသာစကား၊ လူမှုစီးပွားရေး အခြေအနေ၊ အိမ်တွင်း (သို့) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အခြေအနေ၊ ဝင်ငွေရင်းမြစ် (သို့) ငွေကြေးရင်းမြစ်တို့အပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုမရှိဘဲ ဆေးဝါးနှင့် သူနာပြု စောင့်ရှောက်မှု ရရှိပိုင်ခွင့်ရှိပါသည်။ 

 သင့်လျော်သည့် နာကျင်မှုဝေဒနာ စစ်ဆေးအကဲဖြတ်ခြင်းနှင့် စီမံလုပ်ဆောင်မှု ရရှိပိုင်ခွင့်ရှိပါသည်။ 

 သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပါဝင်သည့် ဆုံးဖြတ်ချက်များချမှတ်ရန် သင့်ဆရာဝန် (သို့) ကျန်းမာရေး စောင့်ရှောက်ပေးသူနှင့် ပူးပေါင်းလုပ်ဆောင်ပိုင်ခွင့်ရှိပါသည်။ ဤရပိုင်ခွင့်သည် မိသားစု နှင့်/သို့မဟုတ် မွေးကင်းစ ကလေးများ၊ ကလေးသူငယ်များနှင့် အရွယ်မရောက်သေးသည့် ကလေးများ၏ အုပ်ထိန်းသူအတွက် အကျုံးဝင်ပါသည်။ ဆုံးဖြတ်ချက်တို့တွင် ဥပဒေမှခွင့်ပြုထားသည့် အတိုင်းအတာအရ ဆေးရုံမှ ကမ်းလှမ်းလုပ်ဆောင်နေသည့် ဆေးဝါးများ၊ ကုသမှု (သို့) လုပ်ထုံးလုပ်နည်းကဲ့သို့တို့ကို ငြင်းဆိုပိုင်ခွင့် ပါဝင်နိုင်ပါသည်။  

 ဤကျန်းမာရေး စောင့်ရှောက်ဌာနသည် သင်၏ စောင့်ရှောက်မှုနှင့် ကုသမှုတို့ကို ဖြစ်နိုင်သည့် အများဆုံး ပမာဏသို့ ပါဝင်လုပ်ဆောင်ပိုင်ခွင့်ကို အသိအမှတ်ပြုထားပြီး ဤဌာနအောက်တွင် သင့်အနေဖြင့် မလုပ်ဆောင်နိုင်သည့် အခြေအနေများ ရှိပါသည်။ ယင်းကဲ့သို့ အခြေအနေများတွင် (ဥပမာ လျာထားသည့် ကုသမှု (သို့) လုပ်ထုံးလုပ်နည်းကို ဆေးပညာအားဖြင့် နားလည်နိုင်စွမ်းမရှိဟု သင့်ဆရာဝန်က တွေ့ရှိထားပြီး သင့်ကို အရည်အချင်းမပြည့်မီဟု ဥပဒေနှင့်အညီ အကဲဖြတ်ထားလျှင်၊ ကုသမှုနှင့်ပါတ်သက်၍ သင့်ဆန္ဒကို မသိရှိရလျှင် (သို့) အုပ်ထိန်းမှုခံ အသက်အပြည့်သေးသူဖြစ်လျှင်) သင့်အခွင့်အရေးများကို ဥပဒေ၊ သင်ရွေးချယ်သတ်မှတ်ထားသည့် ကိုယ်စားလျှယ် (သို့) အခြား တရားဝင် ခွင့်ပြုထားသူမှ ခွင့်ပြုသည့် အတိုင်းအတာအထိ ကျင့်သုံးသွားမည်ဖြစ်သည်။ 

 ပြုစုစောင့်ရှောက် ရေး ဝန်ဆောင်မှုများ မပြုလုပ်ခြင်း (သို့) အထက်ဖော်ပြပါ (သို့) အသက်ကယ်ဆယ် ကုသမှု ရုတ်သိမ်းခြင်းတို့နှင့်ပါတ်သက်သည့် ဆုံးဖြတ်ချက်များကို ဤဌာန၏ ဥပဒေနှင့် မူဝါဒ ကန့်သတ်ချက်တို့အတွင်း ပြုလုပ်ပိုင်ခွင့်ရှိပါသည်။ 

ဘေးကင်းသည့် အခြေအနေတစ်ခုတွင် စောင့်ရှောက်မှု ရယူပိုင်ခွင့်ရှိပြီး ချိုးဖောက်မှုနှင့် နှောင့်ယှက်မှုပုံစံ အလုံးစုံတို့မှ ကင်းရှင်းမှုရှိပါသည်။ 

 ဝန်ထမ်းများမှ အကြပ်ကိုင်မှု၊ ပြစ်ဒဏ်ပေးမှု၊ အဆင်ပြေချောမွေ့မှု (သို့) လက်တုန့်ပြန်မှုတစ်ခုအဖြစ် ဆေးပညာအရ မလိုအပ်သော (သို့) အသုံးမပြုသော ကန့်သတ်ထိမ်းချုပ်မှုနှင့် ထိမ်းသိမ်းထားမှုတို့မှ ကင်းဝေးပိုင်ခွင့်ရှိပါသည်။ 

သင့်စောင့်ရှောက်မှုတွင် တိုက်ရိုက်ပါဝင်သူ တသီးပုဂ္ဂလများ၊ စောင့်ရှောက်မှု အရည်အသွေးကို စောင့်ကြည့်နေသည့် တသီးပုဂ္ဂလများ (သို့) ဥပဒေ (သို့) ထိန်းချုပ်ချက်မှ ခွင့်ပြုထားသည့် တသီးပုဂ္ဂလများမှသာလျှင် သင်၏ ဆေးဝါးမှတ်တမ်းကို ဖတ်ရှုပိုင်ခွင့်ရှိပါသည်။  

 သင်၏ ကိုယ်ရေးသီးသန့် ကျန်းမာရေး အချက်အလက်များကို Penn Medicine ရှိ အဖွဲ့အစည်းများတစ်ခွင်နှင့်  Penn Medicine ပြင်ပရှိ အခြား ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူများနှင့် မည်သို့ အသုံးပြုပြီး မျှဝေမည်တို့ကို ရှင်းလင်းဖော်ပြထားသော ရေးသား ကြေညာချက် လက်ခံရရှိပိုင်ခွင့်ရှိသည်။ ဆေးဝါးဆိုင်ရာ အကြောင်းအချက်ရှိသည့်အတွက် အချက်အလက် ရယူမှုကို ဥပဒေအရခွင့်ပြုထားသော ဆေးဝါးကုသနေသည့် ဆရာဝန်မှ သီးခြား ကန့်သတ်ထားမှုမရှိလျှင် သင် (သို့) သင်ရွေးချယ်သတ်မှတ်ထားသည့်/တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်သည် သင်၏ ဆေးဝါးမှတ်တမ်းများတွင် ပါဝင်သည့် အချက်အလက်အားလုံးကို မေတ္တာရပ်ခံ တောင်းဆိုချက်အားဖြင့် ရရှိနိုင်ပါသည်။ 

 လိုရင်းတိုရှင်းပြီး နားလည်လွယ်သည့်ပုံစံဖြင့် ဆက်ဆံပြောဆိုလာမှုကို ရပိုင်ခွင့်ရရှိပါသည်။ အင်္ဂလိပ် ဘာသာစကား မပြောဆိုလျှင် စကားပြန်တစ်ဦး ရရှိနိုင်သည့်အခါ အခမဲ့ ရရှိမည်ဖြစ်ပါသည်။ ဤအချက်တွင် သင့်အနေဖြင့် အမြင်၊ ပြောဆိုမှု၊ အကြား (သို့) သိမြင်မှု ချို့ယွင်းနေလျှင် အကူအညီ ပေးအပ်ခြင်းလည်း ပါဝင်ပါသည်။ 

 သင်၏ စောင့်ရှောက်မှုဝန်းကျင်မှ လူမျိုးစုဆိုင်ရာ အရေးကိစ္စများကို ထည့်သွင်းစဉ်းစားရာတွင် ယင်းကဲ့သို့ အရေးကိစ္စများကို သုံးသပ်လုပ်ဆောင်ရန် ဤအဖွဲ့အစည်းမှ ထူထောင်ထားသည့် လုပ်ငန်းဘောင်အတွင်း

ပါဝင်ပိုင်ခွင့်ရှိပါသည်။ 

 သင်၏စောင့်ရှောက်မှုနှင့် စပ်လျဉ်းပြီး တိုကြားချက်များနှင့် မကျေနပ်ချက်များကို လက်စားချေခြင်း မခံရဘဲ  ပြောဆိုပိုင်ခွင့်ရှိပါသည်၊ အဆိုပါ တိုင်ကြားချက်များနှင့် မကျေနပ်ချက်များကို စိစစ်သုံးသပ်ပြီး  ဖြစ်နိုင်ပါက ဖြေရှင်းချက်ရပိုင်ခွင့်ရှိပါသည်။  

 ကျန်းမာရေး စောင့်ရှောက်မှု ဆုံးဖြတ်ချက်များကို သင့်ကိုယ်စား ချမှတ်ပေးရန်အတွက် ကျန်းမာရေး စောင့်ရှောက်သူ ကိုယ်စားလှယ်တစ်ဦးနှင့် ချိန်းဆိုပိုင်ခွင့်အပါအဝင် အကြို ညွှန်ကြားချက်တစ်ရပ်

ဖော်ထုတ်ပိုင်ခွင့်ရှိပါသည်။ ဤဆုံးဖြတ်ချက်များကို ယခုဌာနနှင့် ၎င်း၏ ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူများမှ ဥပဒေ ကန့်သတ်ချက်များအတွင်းနှင့် ဤအဖွဲ့အစည်း၏ မက်ရှင်လုပ်ဆောင်မှု၊ တန်ဖိုးများနှင့် ဒဿနယူဆချက်တို့အတွင်း စောင့်ထိန်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ လိုအပ်သည့်အခါ သင်၏ အကြို ညွှန်ကြားချက် မိတ္တူတစ်စောင်ကို ဌာန (သို့) စောင့်ရှောက်သူထံသို့ ပေးအပ်ရန် တာဝန်ရှိပါသည်။ 

 ဤဌာနတွင် စောင့်ရှောက်မှုနှင့် ကုသမှုခံယူရန်အတွက် “အကြို ညွှန်ကြားချက်” တစ်ရပ်ရှိရန် (သို့) ရယူထားရန် မလိုအပ်ပါ။ 

 ကျွန်ုပ်တို့၏ မက်ရှင်လုပ်ဆောင်မှု (သို့) ဒဿန ယူဆချက်တို့နှင့်အတူ ပဋိပက္ခတစ်ရပ် (သို့) သင်၏ လိုအပ်ချက်များ (သို့) တောင်းဆိုချက် ပြည့်မီရန် စွမ်းဆောင်ရည်မရှိသည့်အတွက် ဤဌာနသည် စောင့်ရှောက်မှုဆိုင်ရာ တောင်းခံချက် (သို့) လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သည့်အခါ ဆေးကုသမှုအားဖြင့် ခွင့်ပြုထားလျှင် သင့်ကို အခြားဌာနသို့ လွှဲပြောင်းသွားနိုင်ပါသည်။ သင် (သို့) သင်ရွေးချယ်သတ်မှတ်ထားသည့်/တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်သည် ပြောင်းရွေ့ရန်လိုအပ်ချက်နှင့်ပါတ်သက်သည့် အချက်အလက် အပြည့်အစုံနှင့် ယင်းကဲ့သို့ လွှဲပြောင်းရန် အခြားနည်းလမ်းရွေးချယ်ရသည်ကို သိရှိထားပြီးမှသာလျှင် ဤသို့လွှဲပြောင်းမှုကို ပြုလုပ်ပါသည်။ လွှဲပြောင်းမှုကို အခြားဌာနကလည်း လက်ခံနိုင်ရမည်ဖြစ်ပါသည်။ 

 ဤနေရာတွင် နေထိုင်စဉ်ကာလအတွင်း ဧည့်သည်များ လာရောက်မှု ရှိလို (သို့) မလိုကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သင်နေထိုင်စဉ်ကာလအတွင်း လာရောက်နိုင်သူများကို သတ်မှတ်ရွေးချယ်နိုင်ပါသည်။ အဆိုပါ တသီးပုဂ္ဂလများသည် သင်နှင့် တရားဝင် ဆွေမျိုးတော်စပ်မှုရှိရန် မလိုအပ်ပါ။ ၎င်းတို့သည် ဥပမာ လိင်တူ လက်တွဲဖော်၊ အခြား မိသားစုဝင် (သို့) မိတ်ဆွေတစ်ဦးတို့ အပါအဝင် ဇနီး/ခင်ပွန်း၊ အိမ်တွင်း အတူနေထိုင်သူများ ပါဝင်နိုင်ပါသည်။ ဆေးရုံသည် အတည်ပြုထားသည့် ဧည့်သည်များကို လူမျိုး၊ အသားအရောင်၊ မူရင်းနိုင်ငံသားဖြစ်တည်မှု၊ ဘာသာ၊ လိင်၊ လိင် အမှတ်အသား (သို့) ဖော်ပြချက်၊ လိင် တိမ်းညွတ်မှု (သို့) မသန်စွမ်းမှုတို့အပေါ်အခြေခံ၍ တင်းကြပ်မှု၊ ကန့်သတ်မှု (သို့) ငြင်းဆိုမှု ပြုမည်မဟုတ်ပါ။ ဆေးရုံသည် သင် (သို့) အခြားလူနာများအတွက် ပိုမိုကောင်းမွန်စွာ စောင့်ရှောက်ရန် ဧည့်သည်များကို ကန့်သတ် (သို့) တင်းကြပ်မှု လိုအပ်နိုင်ပါသည်။ ယင်းကဲ့သို့ ဆေးကုသမှုဆိုင်ရာ တင်းကြပ်မှုများ (သို့) ကန့်သတ်ချက်များကို

သတိပြုပိုင်ခွင့်ရှိပါသည်။ 

 သင်နေထိုင်စဉ်ကာလအတွင်း (သို့) ဆရာဝန်တစ်ဦးထံ (သို့) အခြားသော လမ်းလျှောက်သွားရသည့် စောင့်ရှောက်ကုသမှုရယူရန် သွားရောက်စဉ် အကူတစ်ဦးအဖြစ် မိသားစုဝင်၊ မိတ်ဆွေ (သို့) အခြား ပုဂ္ဂိုလ်တစ်ဦးကို

သတ်မှတ်ရွေးချယ်ပိုင်ခွင့်ရှိပါသည်။

 သင်၏ မှတ်တမ်းများ၊ ဖလင်ပုံရိပ်များ (သို့) အခြား ပုံများကို သင့်ကိုယ်ပိုင်စောင့်ရှောက်မှု၊ ကုသမှု (သို့) လူနာ အမှတ်အသား ဖော်ထုတ်မှုအတွက်မှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် လုပ်ဆောင်ရန် (သို့) အသုံးပြုရန် အသိပေးထားသည့် သဘောတူညီချက် ပေးအပ်ရန် (သို့)

ထိန်းသိမ်းပိုင်ခွင့်ရှိသည်။ 

 တိုင်တမ်းထားသူများကို သုံးသပ်စစ်ဆေးပြီး ဖြစ်နိုင်သည့်အခါ ဖြေရှင်းမှုပေးရန်အတွက် သင်၏ စောင့်ရှောက်မှုနှင့်ပါတ်သက်သည့် နှုတ်ဖြင့်တိုင်တမ်းချက်များကို တန်ပြန်တိုင်တမ်းခံရမှုမရှိပဲ ဖော်ပြပိုင်ခွင့်ရှိသည်။ 

 နောက်ထပ် အချက်အလက်အတွက် 

သင်၏ ကျန်းမာစောင့်ရှောက်မှုနှင့်ပါတ်သက်သည့် မေးခွန်းများ (သို့) ပြဿနာများရှိလျှင် ဆေးရုံဝန်းမှ ထွက်ခွာမှုမပြုမီ သင့်ဆရာဝန်၊ သူနာပြု (သို့) အခြားသော ဆေးရုံ (သို့) လမ်းလျှောက် လေ့ကျင့်ပေးသူ ကိုယ်စားလှယ်ထံသို့ ဖော်ပြပါ။ အကယ်၍ သင့်ထံတွင် Patient Bill of Rights and Responsibilities 

 (လူနာ၏ ရပိုင်ခွင့်များနှင့် တာဝန်များဆိုင်ရာ ကြေငြာချက်) သို့မဟုတ် လူနာမှ တိုင်ကြားချက် သို့မဟုတ် မကျေနပ်ချက်နှင့် ပတ်သက်၍ မေးခွန်းတစ်ခုရှိပါက အောက်ပါသူများအား ဆက်သွယ်ပါ - 

 Chester ကောင်တီ ဆေးရုံ 

701 East Marshall Street 

West Chester၊ PA၊ 19380 

(610)  431-5254 

(610) 431-5457 

 Good Shepherd Penn ပါတနာများ 

1800 Lombard Street 

Philadelphia၊ PA 19146 

(215) 893-6533 

 Pennsylvania တက္ကသိုလ် ဆေးရုံ 

1 Silverstein၊ 3400 Spruce Street 

Philadelphia၊ PA 19104 

(215) 662-2575 

 Penn Medicine ပြန်လည်ကျန်းမာသန်စွမ်းရေး*  

အတွင်းလူနာ ပြန်လည်ကျန်းမာသန်စွမ်းရေး ယူနစ် 

Penn Medicine Rittenhouse- 3rd & 4th Floors 

1800 Lombard Street 

Philadelphia, PA 19146 

215-893-6533 

*ပန်ဆိုင်ဗေးနီးယား တက္ကသိုလ်ဆေးရုံ၏ ဌာနတစ်ခုဖြစ်သည် 

 Lancaster အထွေထွေ ဆေးရုံကြီး 

555 North Duke လမ်း၊ P.O. Box 3555 

Lancaster၊ Pennsylvania 17604-3555 

(717) 544-5050 

 Penn Presbyterian ဆေးဝါးကုသဌာန 

286 Wright Saunders၊ 39th& မားကတ် လမ်း 

Philadelphia၊ PA 19104 

(215) 662-9100 

 Pennsylvania ဆေးရုံ 

1 Preston၊ 800 Spruce လမ်း 

Philadelphia၊ PA 19107 

(215) 829-8777 

 ကျန်းမာရေး အာမခံ ပြောင်းလဲနိုင်မှုနှင့် တာဝန်ရှိမှုဆိုင်ရာ အက်ဥပဒေ (HIPAA) နှင့်ပါတ်သက်သည့် မေးခွန်းများ (သို့) စိုးရိမ်ချက်များ / မူဝါဒနှင့် ဆက်နွယ်သည့် အရေးကိစ္စများကို UPHS မူဝါဒ ရုံးသို့  မေးမြန်းနိုင်ပါသည် - 

 အီလက်ထရောနစ် မေးလ် : privacy@uphs.upenn.edu 
တယ်လီဖုန်း : (215) 573-4492 

 Good Shepherd Penn Partners ကိုယ်ရေးလုံခြုံခွင့်ရုံး အတွက် - အီလက်ထရောနစ် မေးလ် - privacy@gsrh.org 

တယ်လီဖုန်း - (484)866-7949 

 မူဝါဒများကို ချိုးဖောက်နိုင်ချေရှိမှု သို့မဟုတ် ဥပဒေရေးရာ လိုအပ်ချက်များနှင့် ပတ်သက်၍  သင့်ထံတွင်  မေးခွန်းများရှိပါက သို့မဟုတ် စိုးရိမ်ပူပန်စရာများရှိပါက လျှို့ဝှက်အစီရင်ခံခြင်းနှင့် ကူညီရေးဖုန်းလိုင်း 

 (215) P-COMPLY ကို သင်ဆက်သွယ်နိုင်ပါသည်။ (215) P-COMPLYကိုခေါ်ဆိုခြင်း သို့မဟုတ် https://www.upenn.edu/215pcomply တွင်းသို့ လော့ဂ်အင် ဝင်ခြင်းဖြင့် လျှို့ဝှက်အစီရင်ခံခြင်းနှင့်  ကူညီရေးဖုန်းလိုင်း (215) P-COMPLY ကို သင်ရရှိအသုံးပြုနိုင်ပါသည်။ 

 ရောက်ရှိသွားလာနိုင်ရေး သို့မဟုတ် နေရာထိုင်ခင်းနှင့် စပ်လျဉ်း၍ သင့်ထံတွင် မေးခွန်းများရှိပါက သို့မဟုတ် စိုးရိမ်ပူပန်စရာများရှိပါက မေးခွန်းများကို Pennsylvania တက္ကသိုလ် ကျန်းမာရေးစနစ် မသန်စွမ်းသူများ ရောက်ရှိသွားလာနိုင်ရေး အရာရှိထံသို့ ဖုန်းနံပါတ် (215) 615-4317တွင် ဦးတည်ပေးပို့နိုင်ပါသည်။ 

 သင် (သို့) မိသားစုဝင်တစ်ဦးသည် တိုင်ကြားချက် (သို့) နစ်နာချက်တစ်ခုအနေဖြင့် ဆေးရုံရှိ ဖြေရှင်းရေးလုပ်ဆောင်ချက်မှတဆင့် မဖြေရှင်းရသေးဘဲ ဆက်လက်ရှိနေသည်ဟု ယူဆလျှင် လက်တုံ့ပြန်ခံရမည်ကို ပူပန်စရာမလိုဘဲ သင့်စိုးရိမ်ချက်တို့နှင့်ပါတ်သက်၍ အောက်ပါအဖွဲ့အစည်းများမှ တစ်ဖွဲ့ထံသို့

က်သွယ်ပိုင်ခွင့်ရှိပါသည်

 Pennsylvania ကျန်းမာရေး ဌာန 

အပြင်းအထန်နှင့် လမ်းလျှောက်သွားလာနိုင်သည့် လူနာစောင့်ရှောက်ရေးဌာနခွဲ 

Room 532 Health & Welfare Building 625 Forster Street 

Harrisburg၊ PA 17120၊  

(800) 254-5164 

ဝက်ဘ်ဆိုက် - https://apps.health.pa.gov/dohforms/FacilityComplaint.aspx 

 Medicare နှင့် Medicaid ဝန်ဆောင်မှုများဆိုင်ရာ စင်တာ (CMS) 

အရည်အသွေးနှင့် အယူခံဝင်မှုများ (866)815-5440 

အရည်အသွေးဆိုင်ရာ တိုင်ကြားချက် ဖောင်ပုံစံတစ်စောင်ကို  

https://www.bfccqioarea1.com/states/pa.html တွင် တွေ့ရှိဖြည့်စွက်နိုင်ပါသည်။ 

 စောင့်ရှောက်မှုကိစ္စများ အရည်အသွေး နှင့်/သို့မဟုတ် ဘေးကင်းရေး (အချိန်မရောက်မီ ဆေးရုံဆင်းခြင်းအပါအဝင်) သို့မဟုတ် ပါတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများ ဘေးကင်းရေးတို့နှင့် ဆက်နွယ်သည့် စိုးရိမ်ချက်များအတွက် : 

 ပူးတွဲ ကော်မရှင်အဖွဲ့၊  

ဝက်ဘ်ဆိုက် - https://www.jointcommission.org/contact-us/ (လူနာ ဘေးကင်းရေးဆိုင်ရာ တိုင်ကြားချက်ကိုနှိပ်ပါ) 

စာတိုက်မှ -  

The Office of Quality and Patient Safety (OQPS) The Joint Commission,  

One Renaissance Boulevard, Oakbrook Terrace, Illinois 60181 

 တိုင်ကြားချက်တစ်ခု အစီရင်ခံပုံအတွက် ပူးတွဲကော်မရှင် လူနာအချက်အလက် လိုင်း 

1-800-994-6610 

အရပ်သားအခွင့်အရေးများဆိုင်ရာ စိုးရိမ်မှုများနှင့် ဆက်စပ်သော တိုင်ကြားချက်များ/မကျေနပ်ချက်များအတွက် - 

The United States Department of Justice 

950 Pennsylvania Avenue, NW 

Civil Rights Division, Disability Rights Section – 1425 NYAV Washington, 

D.C., 20530 

 အွန်လိုင်း တိုင်ကြားချက်များအတွက် ဖောင်ပုံစံများကို - https://www.ada.gov/complaint/ တွင် ရရှိနိုင်ပါသည် 

အချက်အလက် ဖုန်းလိုင်း - 1-800-514-0301 

ဖက်စ်မိတ္တူ - 202-307-1197 

အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားရေးရာ ဝန်ဆောင်မှုများ၊ 

အရပ်သားအခွင့်အရေးများရုံး၊ 

အရပ်သားအခွင့်အရေးများဆိုင်ရာ တိုင်ကြားချက် ပေါ်တယ် - 

https://ocrportal.hhs.gov/ocr/portal/lobby.jsf မှတဆင့် အီလက်ထရောနစ်နည်းအားဖြင့် ရရှိနိုင်ပါသည် 

သို့မဟုတ် အောက်ပါလိပ်စာသို့ စာတိုက်မှ သို့မဟုတ် ဖုန်းအားဖြင့် - 

Centralized Case Management Operations 

 U.S. Department of Health and Human Services 

200 Independence Avenue, SW 

Room 509F HHH Building Washington, D.C. 20201 

Telephone: 1-800-368-1019, 1-800-537-7697 (TDD) 

တိုင်ကြားချက် ဖောင်ပုံစံများကို https://www.hhs.gov/ocr/office/file/index.html တွင် ရရှိနိုင်ပါသည် 

အီးမေးလ်ဖြင့် တိုင်ကြားရန် - OCRComplaint@hhs.gov 

 လူနာ၏ တာဝန်ဝတ္တရားဆိုင်ရာ ထုတ်ပြန်ချက် 

 လူနာများအနေဖြင့် ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးပြည့်ဝသည့် စောင့်ရှောက်မှုများရရှိအောင် ကူညီပေးရန် လူနာများနှင့် ၄င်းတို့မှ သတ်မှတ်ပေးထားသော တရားဝင်အခွင့်အာဏာရ ကိုယ်စားလှယ်များအနေဖြင့် Pennsylvania တက္ကသိုလ် ကျန်းမာရေးစနစ် (UPHS) နှင့် ဌာန မူဝါဒများနှင့် စည်းမျဉ်းများနှင့်အညီ နေထိုင်ပြုမူရန် ကျွန်ုပ်တို့ တောင်းဆိုပါသည် - 

 ကျေးဇူးပြု၍ အောက်ပါတို့အတွက် တာဝန်ယူပေးပါ - 

  •  သင့်အတွက် ထိရောက်သည့် ဆေးဝါး ကုသမှု လက်ခံရရှိနိုင်စေရန် လက်ရှိအခြေအနေများ၊ ယခင်ကာလမှ ဖျားနာမှုများ၊ သင့်အား စောင့်ရှောက်မှုပေးအပ်စဉ် သင့်အားပံ့ပိုးပေးသူ သိထားသင့်သည့် အခြေအနေများ (ဥပမာ - ဓာတ်မတည့်မှုများ)၊ ယခင် နာမကျန်းမှုများ၊  ဆေးရုံတက်ရမှုများ၊ ဆေးဝါးသောက်သုံးရမှုများ၊ အကြို ညွှန်ကြားချက်များနှင့် သင့်ကျန်းမာရေး မှတ်တမ်းဟောင်း သို့မဟုတ် စောင့်ရှောက်မှုနှင့် ဆက်နွယ်သည့် အခြားကိစ္စရပ်များနှင့်ပါတ်သက်သည့် တိကျမှန်ကန်သော အချက်အလက်အပြည့်အစုံကို ဖော်ပြပေးရန်။ 
  • ညွှန်ကြားချက်များနှင့် ဆေးဘက်ဆိုင်ရာ မိန့်မှာချက်များကို သင်အစွမ်းရှိသလောက် အကောင်းဆုံး လိုက်နာပေးရန်နှင့် ဌာနဝန်ထမ်းနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လမ်းညွှန်ချက်များ နှင့်/သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ရှင်းရှင်းလင်းလင်း နားမလည်ပါက မေးခွန်းများ မေးမြန်းရန်။  
  • လုပ်ဆောင်ရန် စီစဉ်ထားသည့် လမ်းကြောင်းနှင့် မိမိကိုယ်ကို  စောင့်ရှောက်ရေးဆိုင်ရာ  မျှော်မှန်းချက်များကို နားလည်သဘောပေါက်မှုရှိမရှိ အစီရင်ခံရန်။  
  • သင့်အနေဖြင့် သင့်ကျန်းမာရေး စောင့်ရှောက်ပေးသူများနှင့် သင့်လျော်စွာ ဆက်သွယ်ရန် မတတ်နိုင်သည့် အခြေအနေတွင် သင့်မိသားစုဝင်များ (သို့) ရွေးချယ်သတ်မှတ်ထားသည့်  စောင့်ရှောက်သူများ/တရားဝင် လုပ်ပိုင်ခွင့်ပြုထားသော ကိုယ်စားလှယ်များသည်  သင့်၏ ကုသမှုကို သုံးသပ်ရန်အတွက် ဖြစ်နိုင်သလောက် အတိုင်းအတာအထိ UPHS တက္ကသိုလ်ဆေးရုံသို့  ရောက်ရှိလာနိုင်ရန်။ 
  • နေ့ချင်းပြီး လုပ်ထုံးလုပ်နည်းများအတွက် သင့်ဘေးကင်းကြောင်း သေချာစေရန် သင့်အား အိမ်အပြန် စောင့်ရှောက်လိုက်ပါပေးရန် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး စီစဉ်ရန်။ r same day procedures, rmissionsentative to participate in your treatment in the event you are unable to properly communicate w 
  • စောင့်ရှောက်မှုကို ငြင်းဆန်ပါက သို့မဟုတ် စောင့်ရှောက်ရေး ညွှန်ကြားချက်များကို မလိုက်နာပါက သင်၏ လုပ်ဆောင်မှုများကို တာဝန်ယူရန်။  
  • သင့်အခန်းအတွင်းမှ ဆူညံသံများနှင့် ဧည့်သည်များ နှင့် ဌာနအတွင်း လူအုပ်ကြီးများကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန် အခြားလူနာများနှင့် ကျန်းမာရေး  စောင့်ရှောက်ပေးသူများကို အလေးထားရန်။  
  • အခြားသူများ၏ ပစ္စည်းဥစ္စာနှင့် Pennsylvania တက္ကသိုလ် ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UPHS) ပစ္စည်းဥစ္စာများကို လေးစားရန်။ ခြိမ်းခြောက်မှုများ၊ ချိုးဖောက်မှု၊ လူနာ စောင့်ရှောက်မှုအပေါ်  နှောင့်ယှက်မှု (သို့) အခြားလူနာများ၊ ဧည့်သည်များ (သို့) ဝန်ထမ်းများအပေါ် အနှောင့်အယှက်ပေးမှုတို့ကို သည်းခံမည်မဟုတ်ပါ။ 
  • UPHS တက္ကသိုလ်ပိုင် ပစ္စည်းဥစ္စာများအပေါ် ဥပဒေနှင့်မကိုက်ညီသည့် လုပ်ဆောင်ချက်တစ်စုံတစ်ရာ  ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရန်။ ယင်းကဲ့သို့ လုပ်ဆောင်မှုဖြစ်ပွားခဲ့လျှင် UPHS တက္ကသိုလ်သည် ဥပဒေ စိုးမိုးရေးဌာနသို့ အစီရင်ခံနိုင်ပါသည်။ 
  • သင့်အားပံ့ပိုးပေးသူမှ ညွှန်းဆိုမထားဘဲ သင့်လျော်သည့် ဝန်ထမ်းမှ မတိုက်ကျွေးသည့် ဆေးဝါးများ သို့မဟုတ် ဆေးများကို မသောက်သုံးရန်။ အဆိုပါလုပ်ဆောင်မှုများက သင်၏ ပျောက်ကင်းသက်သာရေး လုပ်ငန်းစဉ်ကို ရှုပ်ထွေး သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်ပါသည်။  
  • ဌာနသို့ သင်လာရောက်စဉ် အရက်ပါသည့် အဖျော်ယမကာများ သို့မဟုတ် အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဝတ္ထုပစ္စည်းများ သောက်သုံးခြင်း မပြုရန်။ 
  • သေနတ်များ နှင့်/သို့မဟုတ် လက်နက်များကို ဌာနတွင်းသို့ မယူဆောင်လာရန်။  
  • အခွင့်မရဘဲ မည်သူ့ကိုမျှ ဓာတ်ပုံရိုက်ခြင်း နှင့်/သို့မဟုတ် အသံဖမ်းခြင်း မပြုရန်။ 
  • အခြားသူများ၏ လူမျိုး၊ အသံထွက်၊ ဘာသာ၊ ကျားမ၊ ကျားမ ခွဲခြားဖော်ပြချက်၊ လိင်စိတ် တိမ်းညွတ်မှု၊  သို့မဟုတ် အခြားကိုယ်ပိုင်စရိုက်များနှင့် ပတ်သက်၍ စော်ကားပြီး လေးစားမှုမရှိ သို့မဟုတ်  ခွဲခြားဆက်ဆံသည့် မှတ်ချက်များ မပြုလုပ်ရန်။ 
  • ဌာနသို့ တန်ဖိုးကြီးမားသည့် မည်သည့်ပစ္စည်းကိုမျှ သင်နှင့်အတူမယူလာရန်။ အကယ်၍  တန်ဖိုးကြီးပစ္စည်းများကို ယူလာရမည်ဆိုပါက အဆိုပါပစ္စည်းများ လုံခြုံစေရန် သင်ယူလာနိုင်သည့်  တန်ဖိုးကြီးပစ္စည်းမှန်သမျှကို သင်၏ မိသားစု/စောင့်ရှောက်မှုပေးသူ/လိုက်ပါပေးသူတို့ထံ ပေးထားပါ။ 
  • ဌာန၏ ဆေးလိပ်မသောက်ရ မူဝါကို စောင့်ကြည့်လိုက်နာပေးရန်။  
  • Penn Medicine လူနာ၊ စောင့်ရှောက်သူနှင့် ဝန်ထမ်းများ ကျင့်ထုံးဥပဒေအတိုင်း  ကပ်ငြိလိုက်နာပေးရန်။ 
  • ပေးအပ်ခဲ့သည့် ဝန်ဆောင်မှုအားလုံးကို ပေးချေရန် တတိယပါတီ ငွေချေသူများ (သင်၏ အာမခံကုမ္ဗဏီ) မှတဆင့် ဖြစ်စေ သင်၏ အာမခံပေါ်လစီများမှ  ကာကွယ်မပေးသည့် ဝန်ဆောင်မှုတစ်ခုခုအတွက် ပေးချေရန် ကိုယ်တိုင်တာဝန်ယူ၍ဖြစ်စေ ငွေရေးကြေးရေး တာဝန်ကိုယူရန်။ 

သင့်စောင့်ရှောက်မှုကို ဤနေရာတွင်ရယူရန် ရွေးချယ်သည့်အတွက် ကျွန်ုပ်တို့၏ Penn Medicine အဖွဲ့တစ်ခုလုံးက သင့်အား ကျေးဇူးတင်ပါသည်။ သင့်အား ဝန်ဆောင်မှုနှင့် စောင့်ရှောက်မှုပေးရသည်ကို ကျွန်ုပ်တို့ ဝမ်းမြောက်မိပါသည်။  

1 Penn Medicine တွင် Pennsylvania တက္ကသိုလ်ရှိ Perelman School of Medicine နှင့် Pennsylvania တက္ကသို် ကျန်းမာရေးစနစ် နှင့် ၄င်း၏အခွဲများနှင့် ဆက်စပ်အဖွဲ့အစည်းများအပြင် Hospital of the University of Pennsylvania, Pennsylvania Hospital, Penn Presbyterian Medical Center, Chester County Hospital, Lancaster General Health, Lancaster General Hospital, Lancaster General Medical Group, The Heart Group of Lancaster General Health, Lancaster General Health – Columbia Center, Penn Medicine Home Health Lancaster General Health, Penn Medicine Princeton Health, Penn Medicine Princeton Health Behavioral Health, Penn Medicine Princeton Medicine Physicians, Penn Medicine Home Health Princeton Health, Penn Medicine Hospice Princeton Health, နောက်ပါတို့အပါအဝင် သီးခြားလိုင်စင်ယူထားသည့် Ambulatory Surgical Facilities သို့မဟုတ် Ambulatory Care Facilities အားလုံး - Penn Medicine Radnor Surgery Facility, a facility of the Hospital of the University of Pennsylvania, Hospital of the University of Pennsylvania Reproductive Surgical Facility, The Surgery Center of Pennsylvania Hospital, Endoscopy Center of Pennsylvania Hospital, The Surgery Center at Penn Medicine University City, a facility of Penn Presbyterian Medical Center, Penn Digestive and Liver Health Center University City, a facility of Penn Presbyterian Medical Center, Penn Presbyterian Infusion Services, a facility of Penn Presbyterian Medical Center, Penn Radiology Cherry Hill, The NeuroSpine Center, Physician’s Surgery Center Lancaster General, LLC, The Lancaster General Hospital Ambulatory Surgical Facility, Princeton Endoscopy Center LLC, and the Clinical Practices of the University of Pennsylvania, Clinical Care Associates, Penn Medicine Medical Group, Good Shepherd Penn Partners, Clinical Health Care Associates of New Jersey, Presbyterian Center for Continuing Care, and Penn Medicine at Home, Penn Institute for Rehabilitation Medicine တို့ပါဝင်ပြီး ယင်းတို့သာဟု သတ်မှတ်မထားသည့် ဆက်စပ်အဖွဲ့အစည်းများ ပါဝင်ပါသည်။  

အညွှန်းကိုးကားချက်များ :  

Pennsylvania DOH § 103.22 

42 C.F.R. § 482.13  

ပူးတွဲ ကော်မရှင်အဖွဲ့၊ တသီးပုဂ္ဂများဆိုင်ရာ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ 

Follow us